Thursday, March 27, 2014

မလှိုင်မြို့နယ် အဖွဲ့ချုပ်ရုံး၌ တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးကျင်းပ



21.3.2014
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခမ်းမ၌ ၂၁.၃.၂၀၁၄ နေ့ နံနက် ၁၀း ၀၀ တွင် တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးကျင်းပခဲ့ပါသည် ။၎င်းအစည်းအဝေးအားအစီအစဉ် ( ၉ ) ရပ်ဖြင့်ကျင်းပခဲ့ပြီး အခမ်းအနား မှူးအဖြစ် မိတ္ထီလာခရိုင် အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် ဦးကြည်ဇော်မှ ဆောင်ရွက်ခဲ့ပါသည် ။ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုကို မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် ဦးစည်သူမှ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခဲ့ပါသည် ။ မိတ္ထီလာခရိုင် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းထွန်း မှလည်း အမှာစကားပြောကြားခဲ့ပါသည် ။ ၎င်း နောက်တက်ရောက်လာသည့် အလုပ်အမှုဆောင်အဖွဲ့များ မှ တစ်လတာ မိမိတို့လုပ်ကိုင်ဆောင်ရွက်ထားရှိမှုအခြေအနေအား အစီရင်ခံတင်ပြကြပါသည် ။ ၎င်းနောက် တက်ရောက်လာသည့် အလုပ်အမှုဆောင်အဖွဲ့များမှ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးကြပြီး တိုင်းဒေသကြီးအလုပ်အမှုဆောင်များပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါသည် ။ ၎င်းနောက် ရှေ့လုပ်ငန်းစဉ်ဆုံးဖြတ်ချက် ( ၂ ) ရပ်ချမှတ်ပြီး နေ့ ၁၁း ၄၀ တွင်အစည်အဝေးကိုအောင်မြင် စွာ ရုတ်သိမ်းခဲ့ပါသည် ။

No comments:

Post a Comment