10.3.2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ နှင့် ပြင်ဦးလွင်ခရိုင် အလုပ်အမှုဆောင်အဖွဲ့တို့
ညှိနှိုင်းအစည်းအဝေးအား ယနေ့ နေ့လည် ၁း ၂၅ တွင် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့
ရုံးခန်းတွင်ကျင်းပခဲ့ပါသည် ။ ၎င်း အစည်းအဝေးအား အစီအစဉ် ( ၈ ) ရပ်ဖြင့် ကျင်းခဲ့ပြီး
အခမ်းအနားမှူးအဖြစ် မန္တလေးတိုင်းဒေသကြီး အုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုကိုမှ
ဆောင်ရွက်ခဲ့ပါသည် ။ မန္တလေးတိုင်းဒေသကြီးအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး
ပါတီရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဒု ဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ
မှ ရှင်းလင်းပြောကြားခဲ့ပါသည် ။ ပြင်ဦးလွင်ခရိုင် အလုပ်အမှုဆာင်အဖွဲ့မှ မရှင်းလင်းသည်များကို
မေးမြန်းဆွေးနွေးကြပါသည် ။ ဆွေးနွေးမေးမြန်းချက်များအား တိုင်းဒေသကြီးအလုပ်အမှုဆောင်အဖွဲ့မှ
ပြန်လည်ရှင်းလင်းခဲ့ပါသည် ။ ၎င်းနောက် ဆုံးဖြတ်ချက် ( ၅ ) ရပ်ချမှတ်ကာ ညနေ ၃း ၅၀ တွင်
အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။
No comments:
Post a Comment