Friday, February 28, 2014
မန္တလေးခရိုင်၌ တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်များ လစဉ်ပုံမှန် အစည်းအဝေး ကျင်းပ
၂၈.၂.၂၀၁၄
မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အစည်းအဝေးခမ်းမဆောင်၌ ယနေ့ နေ့လည် ၁း ၁၀ တွင် တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်များ လစဉ်ပုံမှန် အစည်းအဝေး ကျင်းပခဲ့ပါသည် ။ ၎င်း အစည်းအဝေးတွင် အခမ်းအနားမှူးအဖြစ်မန္တလေးခရိုင်အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးတောက်ထွန်းမြင့် မှဆောင်ရွက်ပြီး သဘာပတိအဖြစ် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဒု ဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ မှဆောင်ရွက်ခဲ့ပါသည် ။ ၎င်းအစည်းအဝေးအား အစီအစဉ် ( (၈ )ရပ်ဖြင့်ကျင်းပခဲ့ပါသည် ။ ခရိုင် ဥက္ကဋ္ဌ ဦးခင်မောင်မြင့် ( ခ ) ဦးကံမှ အမှာစကားပြောကြားခဲ့ ပါသည်။ ၎င်းနောက် တက်ရောက်လာသည့် အလုပ်အမှုဆောင်အဖွဲ့များမှ တစ်လတာ မိမိတို့လုပ်ကိုင် ဆောင်ရွက်ထားမှုအခြေအနေများအား အစီရင်ခံတင်ပြကြပါသည် ။ ၎င်းနောက် တက်ရောက်လာသည့် အလုပ်အမှုဆောင်များမှ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးကြပြီး တိုင်းအလုပ်အမှုဆောင်အဖွဲ့ နှင့် ခရိုင်အလုပ်အမှုဆောင်များမှ ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ပါသည် ။ ၎င်းနောက်ဆုံးဖြတ်ချက် ( ၁ ) ရပ်ချမှတ်ကာ ညနေ ၃း ၄၀ တွင် အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
Wednesday, February 26, 2014
လူငယ် နှင့် နိုင်ငံရေး
လူငယ်ညီလာခံတွေ မကြာခင်ကျင်းပတော့မည်။
လူငယ်ညီလာခံကျင်းပရေးကော်မရှင် အဆင့်ဆင့် ၏အားထုတ်ကြိုးပမ်းမှုများကား ကျေနပ်အားရဘွယ်ကောင်းလှသည်
။ နိုင်ငံနှင့်လူမျိုးအတွက်ရော အဖွဲ့အစည်း အတွက်ပါ ချီးကျူးဂုဏ်ပြုမှု နှင့် အတူ ၀မ်းမြောက်မိသည်
။ လူငယ်သည် နိုင်ငံနှင့်လူမျိုး၊ လူ့အဖွဲ့အစည်း နှင့် အဖွဲ့ အစည်းများ၏ အရံအင်အားဖြစ်သည်
။ ယနေ့လူငယ်သည် နောင်အနာဂတ် နိုင်ငံတော၊် လူအဖွဲ့အစည်း နှင့် အဖွဲ့ အစည်းများ၏ခေါင်းဆောင်များဖြစ်သည်
။ အနာဂတ်သည် လူငယ်များ၏ လက်တွင်ရှိသည် ဆိုသည့် အယူအဆ အား အားလုံးလက်ခံယုံကြည်ထားသည့်
အယူအဆတရပ်ဖြစ်သည် ။
ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြို့နယ်အဆင့်မှ
စတင်၍ နိုင်ငံလုံးဆိုင်ရာလူငယ်ညီ လာခံအထိ ကျင်းပတော့မည်ဖြစ်သည် ။ ဒီမိုကရေစီ ယဉ်ကျေးမှုနှင့်
ဝေးကွာခဲ့ရသည့် လူငယ်များအား ဒီမိုကရေစီ ယဉ်ကျေးမှု နှင့်ပြန်လည်ယဉ်ပါးလာစေရန် လေ့ကျင့်ပျိုးထောင်ပေးသည့်
လုပ်ငန်းစဉ်တရပ်လည်းဖြစ်ပေသည် ။ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈
ခု စတင်ဖွဲ့စည်းထူထောင်စဉ်ကာလကပင် လူငယ်လုပ်ငန်း အဖွဲ့များ ဖွဲ့စည်း၍ ပါတီအရံအင်အားအဖြစ်
မျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင်ခဲ့သည် ။ ယခု လူငယ်များအား ဒီမိုကရေစီ ယဉ်ကျေးမှုများနှင့်
ယဉ်ပါးစေ၍ နိုင်ငံရေးလေ့လာ လေ့ကျင့်ရေး အခြေအနေများ ဖန်တီးပေနေပေသည်။
လူငယ်သည် တက်ကြွသည်။ ဖြတ်လတ်သည်။ အားမာန်အပြည့်ဖြင့်
မိမိယုံကြည်ရာကို စူးစူးစိုက် စိုက် နှစ်မြှုပ်လုပ်ကိုင်တတ်သည်။ မိမိယုံကြည်မှုအတွက်
အရာရာကို ပေးဆပ်နိုင်စွမ်းရှိသည် ။ အတွေ့အကြုံ၊ ကျိုးကြောင်းဆင်ခြင်မှု၊ချင့်ချိန်နိုင်စွမ်းအား
နှင့် သဘောတရားရေးရာများ လောင်းထည့်ပေးနိုင်လျှင် အနာ ဂတ် ခေါင်းဆောင်လောင်းများဖြစ်ထွန်းလာမည်ဖြစ်သည်
။ ဤကွက်လပ်အားဖြည့်ဆည်းနိုင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်ညီလာခံများကျင်းပရခြင်းဖြစ်သည်
။ နိုင်ငံ နှင့် လူ့အဖွဲ့အစည်း ၏ လိုအပ်ချက် ကွက်လပ် များဖြည့် ဆည်း ဆောင်ရွက်နိုင်ရေးသည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဓိကလုပ်ငန်းစဉ် တရပ်ဖြစ်သည်။လူငယ်ညီလာခံများအောင်မြင်စွာကျင်းပနိုင်ရေးသည်ပါတီအဓိကလုပ်ငန်းစဉ်၏ အစိတ်အပိုင်း ဖြစ်သည် ။
မြန်မာ့နိုင်ငံရေးသမိုင်းတွင် လူငယ်တို့၏ အခန်းကဏ္ဍ ကြီးမားသည်ကိုတွေ့ရသည်
။ နိုင်ငံလွတ် လပ်ရေးတိုက်ပွဲ နှင့် နိုင်ငံရေးပြုပြင်ပြောင်းလွှဲမှု၏ ပင်မရေစီးကြောင်းသည်
လူငယ်များဖြစ်ကြသည် ။ ယနေ့လူငယ် များသည်လည်း နိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလွှဲမှု
အခန်းကဏ္ဍတွင် ပါဝင်စေလိုသည် ။ အနာဂတ်နိုင်ငံတော်အားပြင်ဆင်တည်ဆောက်ကြမည့်လူငယ်များအား
အတွေ့အကြုံကောင်းများရရှိကြစေချင်သည် ။ သင်ယူလေ့လာ စရာများ အများအပြားရှိမည်မှာ ဧကန်ဖြစ်သည်
။ သင်ယူ လေ့လာ ဆည်းပုး ဖြည့်တင်းရင်း အရံအင်အားနှင့်အညီ လူကြီးများအား အကူအညီပေးနိုင်အောင်
ကြိုးပမ်းအားထုတ်ကြရပေမည် ။
အနာဂတ် နိုင်ငံတော်နှင့်
အနာဂတ်မျိုးဆက်များ၏ ကံကြမ္မာသည် ယနေ့လူငယ်များ၏ လက်ထဲ တွင်ရှိပါသည် ။ ဤ နေရာတွင် ဆရာဗန်းမော်တင်အောင်၏
စကားအား ကိုးကားချင်သည် ။ ဆရာဗန်းမော် တင်အောင် က “လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခောတ်ကြီးက သူ့ပခုံးပေါ်တင်ပေး
လိုက်တဲ့ သမိုင်းပေးတာဝန်ကို သူ ..... ဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ် ဆိုတဲ့ အချက်နဲ့
တိုင်းတာရမှာဘဲ။”လို့ပြောခဲ့သည်။ယနေ့ကျွန်တော်တို့လူငယ်များအားတန်ဖိုးရှိသော
လူငယ်များ ဖြစ်ကြစေချင်ပါသည် ။
မြစ်သားမြို့နယ် အဖွဲ့ချုပ်ရုံး၌ တိုင်း၊ ခရိုင်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များ အစည်းအဝေးကျင်းပ
၂၆.၂.၂၀၁၄
ယနေ့ နေ့လည် ၁း ၀၀ တွင် မြစ်သားမြို့နယ် အဖွဲ့ချုပ်ရုံး၌ တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင် အဖွဲ့များ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပါသည်။ ၎င်းအစည်အဝေးတွင် မြစ်သားမြို့နယ်၏ ပါတီတွင်း အခြေအနေများ စည်းရုံးရေးအခြေအနေများ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ညနေ ၃း ၀၀ တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။
ယနေ့ နေ့လည် ၁း ၀၀ တွင် မြစ်သားမြို့နယ် အဖွဲ့ချုပ်ရုံး၌ တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင် အဖွဲ့များ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပါသည်။ ၎င်းအစည်အဝေးတွင် မြစ်သားမြို့နယ်၏ ပါတီတွင်း အခြေအနေများ စည်းရုံးရေးအခြေအနေများ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ညနေ ၃း ၀၀ တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။
Tuesday, February 25, 2014
နိုင်ငံရေးအရွေ့ နှင့် နိုင်ငံ၏အနာဂတ်
ယခုလက်ရှိနိုင်ငံရေး အရွေ့သည် ကြမ်းရှသည့် နိုင်ငံရေးအရွေ့ တခုဆီသို့ ဦးတည်နေ သလားဟု သံသယဖြစ်နေမိပါသည်။ ကျွန်တော်တို့နိုင်ငံ၏ နိုင်ငံရေးဖြတ်သန်းမှုသမိုင်းသည် ကြမ်းရှလွန်း သည့် နိုင်ငံ ရေးသမိုင်းဆိုတာ ဖြတ် သန်း ခဲ့ဘူးကြသူတွေရော ဖတ်ဖူးမှတ်ဖူးသူရော အသိပင်ဖြစ်သည် ။ ကျွန်တော်တို့ မျိုးဆက်တွင် ကြမ်းရှ လွန်း သည့် နိုင်ငံရေးမှ ညင်သာပျော့ပြောင်းသည့် သိမ်မွေ့နူးညံ့ သည့် နိုင်ငံရေးယဉ်ကျေးမှု ဖြစ်ထွန်း လာ စေချင်သော ရည်မှန်းချက်ဖြင့် ကျွန်တော်ကြိုးစားနေခဲ့သည်မှာ ၂၅ နှစ်ခရီးတိုင်ခဲ့ပေပြီ။ နိုင်ငံ၏ နိုင်ငံ ရေးစနစ်ပြောင်း ခောတ်ပြောင်းချိန်တိုင်း တော်လှန်ပြောင်းလွှဲမှု ဖြစ်စဉ် များဖြင့်သာ ယဉ်ပါးခဲ့သော ကျွန် တော် တို့နိုင်ငံအား ဆင့်ကဲပြောင်းလွှဲမှုဖြစ်စဉ်များဖြင့် ယဉ်ပါးစေချင် သည်မှာ ကျွန်တော်တို့မျိုးဆက်၏ ဆန္ဒပင် ဖြစ် ပါသည် ။ ကျင့်ဝတ်မဲ့ နိုင်ငံရေးမှသည် ကျင့်ဝတ်ကိုလေးစား တန်ဖိုးထားသော နိုင်ငံရေးဆီသို့ အရွေ့အား တွန်းပို့ လိုပါသည် ။ ကြမ်းရှသည့် နိုင်ငံရေးအရွေ့သည် ကျင့်ဝတ်မဲ့ နိုင်ငံရေးဖြစ်နိုင်ဖြစ်ဘွယ်ရာ အခြေအနေ သာဖြစ် ပါသည် ။ ညင်သာပျော့ပြောင်း သည့် နိုင်ငံ
ရေး အရွေ့မှသာလျှင်
ကျင့်ဝတ်ကိုတန်ဖိုးထား လေးစားသော နိုင်ငံ ရေး ဖြစ်လာလိမ့်မည်ဟု
ကျွန်တော်တို့ ယုံကြည်မိပါသည် ။ မဖြူလျှင် မဲရမည်ဆိုသည့် လောဂျစ်စဉ်းစား
နည်းသည် အတော်ဟောင်းနွမ်းနေပြီ ဖြစ် သည့်စဉ်းစားတခုဟု ယုံကြည်မိပါသည် ။
အဖြူ နှင့် အမဲ အပြင် အခြားအရောင်များ ရှိနေသေးသည်ကို သိနိုင်စွမ်းအောင်
ဝိုင်းဝန်းကြိုးပမ်းကြရမည်ဟု ယုံကြည်မိပါသည် ။ နိုင်ငံ ၏
နိုင်ငံရေးအရွေ့အား ပုံဖော်မှု စံနှုံးများသည် နိုင်ငံ၏အနာဂတ်နှင့်
တိုက်ရိုက် အချိုးကျပါသည် ။ ကြမ်းရှသည့် နိုင်ငံရေး အရွေ့များဖြင့်
ပုံဖော်ခံခဲ့ရသည့် ကျွန်တော်နိုင်ငံ၏ ခါးသီးလွန်းသည့်
သမိုင်းဖြတ်သန်းမှုများအား ငဲ့စောင်း ၍ ကြည့်ကြစေချင်ပါသည် ။ ကျွန်တော်တို့၏
အနာဂတ်အား မည်သို့ဖော်ကြမည်နည်း ။
နိုင်ငံတနိုင်ငံ၏ နိုင်ငံရေးတွင် အခြားအရာများ ပါဝင်ပတ်သက် လွှမ်းမိုးမှုကြောင့် နိုင်ငံ့ အနာဂတ်နှင့် ရင်းနှီးပေးဆပ်ခဲ့ရသည်အထိ ဖြစ်ခဲ့ရသော သာဓကများ ကမ္ဘာ့သမိုင်းတွင်ရော မြန်မာ့သမိုင်း တွင်ပါ အထင်အရှား တွေ့နေမြင်နေရဆဲဖြစ်ပါသည် ။ ကျွန်တော်တို့၏ ရှုမြင်မှုသည် အခြင်းအရာအားလုံး အား ပေါင်းရုံး ထားခြင်းကို နိုင်ငံရေးဟု ရှုမြင်ပါသည် ။ အခြင်းအရာတခုက နိုင်ငံရေးတွင်လွှမ်းမိုးလာလျှင် အခြား အခြင်းအရာ များမှေးမှိန်ကာ နိုင်ငံရေး၏ သရုပ်သကန် ပျက်သုဉ်းတတ်ပါသည် ။ သာဓကများ ကမ္ဘာ့သမိုင်း နှင့်မြန်မာ့သမိုင်း တွင်အထင်အရှားဖြစ်ပါသည် ။ နိုင်ငံ၏အနာဂတ်သည် နိုင်ငံရေးအပ်ါတွင် လုံးဝ တည်မှီနေသည်ဟု ယုံကြည်မိ ပါသည် ။ ကျွန်တော်တို့ နိုင်ငံ၏ ပျော့ပြောင်း ညင်သာသော နိုင်ငံရေး အရွေ့ နှင့် အခြားအရာများ ပါဝင်ပတ်သက် စွက်ဖက် လွှမ်းမိုးမှု ကင်းသော အခြေအနေမှသာလျှင် ပတိရူပ အနာဂတ်ကို ပုံဖော်နိုင်လိမ့်မည်ဟု ယုံကြည်မိပါ သည် ။ ပတိရူပ အနာဂတ်၏ ကံကြမ္မာသည် ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတို့လက်ထဲ တွင်သာရှိပါသည် ။
နိုင်ငံတနိုင်ငံ၏ နိုင်ငံရေးတွင် အခြားအရာများ ပါဝင်ပတ်သက် လွှမ်းမိုးမှုကြောင့် နိုင်ငံ့ အနာဂတ်နှင့် ရင်းနှီးပေးဆပ်ခဲ့ရသည်အထိ ဖြစ်ခဲ့ရသော သာဓကများ ကမ္ဘာ့သမိုင်းတွင်ရော မြန်မာ့သမိုင်း တွင်ပါ အထင်အရှား တွေ့နေမြင်နေရဆဲဖြစ်ပါသည် ။ ကျွန်တော်တို့၏ ရှုမြင်မှုသည် အခြင်းအရာအားလုံး အား ပေါင်းရုံး ထားခြင်းကို နိုင်ငံရေးဟု ရှုမြင်ပါသည် ။ အခြင်းအရာတခုက နိုင်ငံရေးတွင်လွှမ်းမိုးလာလျှင် အခြား အခြင်းအရာ များမှေးမှိန်ကာ နိုင်ငံရေး၏ သရုပ်သကန် ပျက်သုဉ်းတတ်ပါသည် ။ သာဓကများ ကမ္ဘာ့သမိုင်း နှင့်မြန်မာ့သမိုင်း တွင်အထင်အရှားဖြစ်ပါသည် ။ နိုင်ငံ၏အနာဂတ်သည် နိုင်ငံရေးအပ်ါတွင် လုံးဝ တည်မှီနေသည်ဟု ယုံကြည်မိ ပါသည် ။ ကျွန်တော်တို့ နိုင်ငံ၏ ပျော့ပြောင်း ညင်သာသော နိုင်ငံရေး အရွေ့ နှင့် အခြားအရာများ ပါဝင်ပတ်သက် စွက်ဖက် လွှမ်းမိုးမှု ကင်းသော အခြေအနေမှသာလျှင် ပတိရူပ အနာဂတ်ကို ပုံဖော်နိုင်လိမ့်မည်ဟု ယုံကြည်မိပါ သည် ။ ပတိရူပ အနာဂတ်၏ ကံကြမ္မာသည် ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတို့လက်ထဲ တွင်သာရှိပါသည် ။
Sunday, February 23, 2014
မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဗဟိုသဘာပတိ ဘဘဦးဝင်းတင်အား ဂါရ၀ပြု ဩ၀ါဒခံယူ
၂၃.၂.၂၀၁၄
ယနေ့ ညနေ ၄း ၄၅ တွင် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသဘာပတိ ဘဘ ဦးဝင်းတင်အား ကံတက်ကုန်းဘုန်းတော်ကြီးကျောင်းသို့သွားရောက်ဂါရ၀ပြု ဩ၀ါဒခံယူ ခဲ့ကြပါသည် ။ ဘဘဦးဝင်းတင်မှ ဩ၀ါဒစကားမြွက်ကြားရာ ခေါင်းဆောင်နှင့် တသားတည်းဖြစ်ရန် လိုကြောင်း ။ ပါတီ၏ မူဝါဒ၊ လမ်းစဉ်များကို စူးစူးစိုက်စိုက် လေ့လာရန်လိုကြောင်း ။ ပါတီ မူဝါဒ၊ လမ်းစဉ်၊ သဘောတရားများကို မမှိတ်မသုံ ယုံကြည်ဖို့လိုကြောင်း ။ ပါတီ၏ အဆင့်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော အလုပ်အမှုဆောင်များအား လေးစားတန်ဖိုးထားကြောင်း ။ ညီလာခံ အဆင့်ဆင့်မှ ရွေးချယ်တင်မြှေက်သူများဖြစ်၍ လေးစာတန်ဖိုးထားကြောင်း ။ အားလုံးစုစုစည်းစည်း ညီညီ ညွတ်ညွတ်ဖြင့် နိုင်ငံရေးအသိ ၊ နိုင်ငံရေးသတိဖြင့် ဆောင်ရွက်ကြစေလိုကြောင်း ဩ၀ါဒပေးမိန့်ကြားလမ်းညွှန် ခဲ့ပါသည် ။၎င်းနောက် ဘဘဦးဝင်တင်သည် ညနေ ၅း ၃၀ တွင် ရန်ကုန်မြို့ သို့ပြန်ရန် တံတားဦးလေယာဉ်ကွင်းသို့ မော်တော်ယာဉ်များဖြင့်ပြန်လည်ထွက်ခွာ သွားပါသည် ။
တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်များ ညှိနှိုင်း အစည်းအဝေး တံတားဦးတွင်ကျင်းပ
၂၃.၂.၂၀၁၄
မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့၊ ကျောက်ဆည်ခရိုင်အလုပ်အမှုဆောင်အဖွဲ့၊
တံတားဦးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးအား တံတားဦးမြို့နယ်အဖွဲ့ချုပ်ရုံး၌
ယနေ့နံ နက် ၁၀း ၄၅ တွင် ကျင်းပခဲ့ပါသည် ။ ၎င်း အစည်းအဝေးမှ ပါတီယန္တရား အရှိန်အဟုန်ဖြင့်
လည်ပတ်နိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားနိုင်ရန် နည်းလမ်းများရှာဖွေ၍
ပေါင်းစည်းညီညွတ် စွာဆောင် ရွက် ရန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည် ။ ၎င်း အစည်းအဝေးအား
နေ့လည် ၁၂း ၄၅ တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။
Saturday, February 22, 2014
မန္တလေးတိုင်းဒေသကြီး လူမှုအထောက်အကူပြုအဖွဲ့ အစည်းအဝေးကျင်းပ
၂၂.၂.၂၀၁၄
မန္တလေးတိုင်းဒေသကြီး လူမှုအထောက်အကူပြုအဖွဲ့အစည်းအဝေးအား မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစည်းအဝေးခမ်းမဆောင်တွင် ယနေ့ ညနေ ၃း ၀၀ တွင်ကျင်းပခဲ့ပါသည် ။ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေခဲ့ကြပါသည် ။
မန္တလေးတိုင်းဒေသကြီး လူမှုအထောက်အကူပြုအဖွဲ့အစည်းအဝေးအား မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစည်းအဝေးခမ်းမဆောင်တွင် ယနေ့ ညနေ ၃း ၀၀ တွင်ကျင်းပခဲ့ပါသည် ။ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေခဲ့ကြပါသည် ။
ကျောက်ဆည်ခရိုင်တွင် တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန်အစည်းအဝေး
၂၂.၂.၂၀၁၄
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခမ်းမ၌ ၂၂.၂.၂၀၁၄ နေ့ နံနက် ၁၀း ၃၀ တွင် တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးကျင်းပခဲ့ပါသည် ။၎င်းအစည်းအဝေးအားအစီအစဉ် ( ၁၁ ) ရပ်ဖြင့်ကျင်းပခဲ့ပြီး အခမ်းအနား မှူးအဖြစ် ကျောက်ဆည်ခရိုင် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်မာမာလွင်မှ ဆောင်ရွက်ခဲ့ပါသည် ။ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့အဖွဲ့ဝင် ဒေါ်နန်းစံမွန်းမှ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခဲ့ပါသည် ။ ၎င်း နောက်တက်ရောက်လာသည့် အလုပ်အမှုဆောင်အဖွဲ့များ မှ တစ်လတာ မိမိလုပ်ကိုင်ဆောင်ရွက်ထားရှိမှုအခြေအနေအား အစီရင်ခံတင်ပြကြပါသည် ။ ၎င်းနောက် ရှေ့လုပ်ငန်းစဉ်ဆုံးဖြတ်ချက် ( ၃ ) ရပ်ချမှတ်ပြီး နေ့ ၁း ၁၀ တွင်အစည်အဝေးကိုအောင်မြင် စွာ ရုတ်သိမ်းခဲ့ပါသည် ။
မိတ္ထီလာခရိုင်တွင် တိုင်း၊ ခရိုင်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် စုံညီအစည်းအဝေးကျင်းပ
၂၁.၂.၂၀၁၄
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် အလုပ်အမှုဆောင်အဖွဲ့မှ စီစဉ်သည့်နေရာ၌ ၂၁.၂.၂၀၁၄ နေ့ နံနက် ၁၀း ၁၅ တွင် တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးကျင်းပခဲ့ပါသည် ။၎င်းအစည်းအဝေးအားအစီအစဉ် ( ၉ ) ရပ်ဖြင့်ကျင်းပခဲ့ပြီး အခမ်းအနား မှူးအဖြစ် မိတ္ထီလာခရိုင် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးသက်မောင်မောင်မှ ဆောင်ရွက်ခဲ့ပါသည် ။ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုကို မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့အဖွဲ့ဝင် ဦးစည်သူမှ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခဲ့ပါသည် ။ မိတ္ထီလာခရိုင် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်း မှလည်း အမှာစကားပြောကြားခဲ့ပါသည် ။ ၎င်း နောက်တက်ရောက်လာသည့် အလုပ်အမှုဆောင်အဖွဲ့များ မှ တစ်လတာ မိမိတို့လုပ်ကိုင်ဆောင်ရွက်ထားရှိမှုအခြေအနေအား အစီရင်ခံတင်ပြကြပါသည် ။ ၎င်းနောက် ရှေ့လုပ်ငန်းစဉ်ဆုံးဖြတ်ချက် ( ၅ ) ရပ်ချမှတ်ပြီး နေ့ ၁၂း၁၅ တွင်အစည်အဝေးကိုအောင်မြင် စွာ ရုတ်သိမ်းခဲ့ပါသည် ။
ရမည်းသင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ
၂၀.၂.၂၀၁၄
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခမ်းမ၌ ၂၀.၂.၂၀၁၄ နေ့ နံနက် ၁၀း ၄၅ တွင် တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးကျင်းပခဲ့ပါသည် ။၎င်းအစည်းအဝေးအားအစီအစဉ် ( ၉ ) ရပ်ဖြင့်ကျင်းပခဲ့ပြီး အခမ်းအနား မှူးအဖြစ် ရမည်းသင်းခရိုင် ဒု ဥက္ကဋ္ဌ ဦးညီးညီလွင်မှ ဆောင်ရွက်ခဲ့ပါသည် ။ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုကို မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့အဖွဲ့ဝင် ဦးစည်သူမှ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခဲ့ပါသည် ။ ရမည်းသင်းခရိုင် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး မှလည်း အမှာစကားပြောကြားခဲ့ပါသည် ။ ၎င်း နောက်တက်ရောက်လာသည့် အလုပ်အမှုဆောင်အဖွဲ့များ မှ တစ်လတာ မိမိတို့လုပ်ကိုင်ဆောင်ရွက်ထားရှိမှုအခြေအနေအား အစီရင်ခံတင်ပြကြပါသည် ။ ၎င်းနောက် ရှေ့လုပ်ငန်းစဉ်ဆုံးဖြတ်ချက် ( ၃ ) ရပ်ချမှတ်ပြီး နေ့ ၁း ၁၅ တွင်အစည်အဝေးကိုအောင်မြင် စွာ ရုတ်သိမ်းခဲ့ပါသည် ။
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခမ်းမ၌ ၂၀.၂.၂၀၁၄ နေ့ နံနက် ၁၀း ၄၅ တွင် တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးကျင်းပခဲ့ပါသည် ။၎င်းအစည်းအဝေးအားအစီအစဉ် ( ၉ ) ရပ်ဖြင့်ကျင်းပခဲ့ပြီး အခမ်းအနား မှူးအဖြစ် ရမည်းသင်းခရိုင် ဒု ဥက္ကဋ္ဌ ဦးညီးညီလွင်မှ ဆောင်ရွက်ခဲ့ပါသည် ။ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုကို မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့အဖွဲ့ဝင် ဦးစည်သူမှ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခဲ့ပါသည် ။ ရမည်းသင်းခရိုင် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး မှလည်း အမှာစကားပြောကြားခဲ့ပါသည် ။ ၎င်း နောက်တက်ရောက်လာသည့် အလုပ်အမှုဆောင်အဖွဲ့များ မှ တစ်လတာ မိမိတို့လုပ်ကိုင်ဆောင်ရွက်ထားရှိမှုအခြေအနေအား အစီရင်ခံတင်ပြကြပါသည် ။ ၎င်းနောက် ရှေ့လုပ်ငန်းစဉ်ဆုံးဖြတ်ချက် ( ၃ ) ရပ်ချမှတ်ပြီး နေ့ ၁း ၁၅ တွင်အစည်အဝေးကိုအောင်မြင် စွာ ရုတ်သိမ်းခဲ့ပါသည် ။
Saturday, February 15, 2014
မန္တလေးတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာကော်မတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ
၁၆.၂.၂၀၁၄
မန္တလေးတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာကော်မတီ လစဉ်ပုံမှန်အစည်းအဝေးကို မန္တလေးတိုင်းဒေကြီး အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးခန်းမဆောင်တွင် ယနေ့နံနက် ၁၀း ၀၀ အချိန်တွင် စတင်ကျင်းပခဲ့ပါသည် ။ ၎င်းအစည်းအဝေးတွင် အခမ်းအနားမှူးအဖြစ် ဦးစည်သူမှဆောင်ရွက်ပြီး တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ Dr ကျော်သန်းထွန်း ( ကန်တုံ ဆေးတက္ကသိုလ် )မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည် ။ အတွင်းရေးမှူး ဦးဇော်မင်းလွင်မှ တောင်သူလယ်သမားရေးရာကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များ ပြောကြားခဲ့ပါသည် ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့ Mandalay Hill Resort တွင် ကျင်းပလျှက်ရှိသော ဧရာဝတီ စာပေပွဲတော်တက်ရောက်
၁၅.၂.၂၀၁၄
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၉း ၄၅ တွင် တံတာဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာပြီး မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာလာရာ မန္တလေးမြို့ Mandalay Hill Resort ကျင်းပလျှက်ရှိသော ဧရာဝတီစာပေးပွဲတော်သို့ နံနက် ၁၀း ၃၀ တွင်ရောက်ရှိလာပါသည် ။ ၎င်း နောက် နံနက် ၁၁း ၁၅ မှ နေ့လည် ၁၂း ၀၀ ထိ၎င်း၊ နေ့လည် ၁း ၀၀ နာရီမှ နေ့လည် ၂း ၀၀ ထိ ၎င်း စာတမ်းများဖတ်ကြားပြီးနောက် နေ့လည် ၂း ၃၀ တွင်တံတားဦးလေယာဉ်ကွင်းသို့မော်တော်ယာဉ်များဖြင့်ပြန်လည် ထွက်ခွာသွားပါသည် ။ဒေါ်အောင်ဆန်းစုကြည်၏ စာတမ်းဖတ်ကြားမှုအား စာပေပညာရျင်များ စာပေ၀ါသနာရှင်များ တက်ရောက်ခဲ့ပါသည် ။
Subscribe to:
Comments (Atom)



