Saturday, February 22, 2014

ကျောက်ဆည်ခရိုင်တွင် တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန်အစည်းအဝေး



၂၂.၂.၂၀၁၄
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခမ်းမ၌ ၂၂.၂.၂၀၁၄ နေ့ နံနက် ၁၀း ၃၀ တွင် တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးကျင်းပခဲ့ပါသည် ။၎င်းအစည်းအဝေးအားအစီအစဉ် ( ၁၁ ) ရပ်ဖြင့်ကျင်းပခဲ့ပြီး အခမ်းအနား မှူးအဖြစ် ကျောက်ဆည်ခရိုင် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်မာမာလွင်မှ ဆောင်ရွက်ခဲ့ပါသည် ။ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့အဖွဲ့ဝင် ဒေါ်နန်းစံမွန်းမှ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခဲ့ပါသည် ။ ၎င်း နောက်တက်ရောက်လာသည့် အလုပ်အမှုဆောင်အဖွဲ့များ မှ တစ်လတာ မိမိလုပ်ကိုင်ဆောင်ရွက်ထားရှိမှုအခြေအနေအား အစီရင်ခံတင်ပြကြပါသည် ။ ၎င်းနောက် ရှေ့လုပ်ငန်းစဉ်ဆုံးဖြတ်ချက် ( ၃ ) ရပ်ချမှတ်ပြီး နေ့ ၁း ၁၀ တွင်အစည်အဝေးကိုအောင်မြင် စွာ ရုတ်သိမ်းခဲ့ပါသည် ။

No comments:

Post a Comment