Friday, February 28, 2014

မန္တလေးခရိုင်၌ တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်များ လစဉ်ပုံမှန် အစည်းအဝေး ကျင်းပ


၂၈.၂.၂၀၁၄
                     မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အစည်းအဝေးခမ်းမဆောင်၌ ယနေ့ နေ့လည် ၁း ၁၀ တွင် တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်များ လစဉ်ပုံမှန် အစည်းအဝေး ကျင်းပခဲ့ပါသည် ။ ၎င်း အစည်းအဝေးတွင် အခမ်းအနားမှူးအဖြစ်မန္တလေးခရိုင်အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးတောက်ထွန်းမြင့် မှဆောင်ရွက်ပြီး သဘာပတိအဖြစ် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဒု ဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ မှဆောင်ရွက်ခဲ့ပါသည် ။ ၎င်းအစည်းအဝေးအား အစီအစဉ်  ( (၈ )ရပ်ဖြင့်ကျင်းပခဲ့ပါသည် ။ ခရိုင် ဥက္ကဋ္ဌ ဦးခင်မောင်မြင့် ( ခ ) ဦးကံမှ အမှာစကားပြောကြားခဲ့ ပါသည်။ ၎င်းနောက် တက်ရောက်လာသည့် အလုပ်အမှုဆောင်အဖွဲ့များမှ တစ်လတာ မိမိတို့လုပ်ကိုင် ဆောင်ရွက်ထားမှုအခြေအနေများအား အစီရင်ခံတင်ပြကြပါသည် ။ ၎င်းနောက် တက်ရောက်လာသည့် အလုပ်အမှုဆောင်များမှ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးကြပြီး တိုင်းအလုပ်အမှုဆောင်အဖွဲ့ နှင့် ခရိုင်အလုပ်အမှုဆောင်များမှ ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ပါသည် ။ ၎င်းနောက်ဆုံးဖြတ်ချက် ( ၁ ) ရပ်ချမှတ်ကာ ညနေ ၃း ၄၀ တွင် အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

No comments:

Post a Comment