Wednesday, February 26, 2014

လူငယ် နှင့် နိုင်ငံရေး




              လူငယ်ညီလာခံတွေ မကြာခင်ကျင်းပတော့မည်။ လူငယ်ညီလာခံကျင်းပရေးကော်မရှင် အဆင့်ဆင့် ၏အားထုတ်ကြိုးပမ်းမှုများကား ကျေနပ်အားရဘွယ်ကောင်းလှသည် ။ နိုင်ငံနှင့်လူမျိုးအတွက်ရော အဖွဲ့အစည်း အတွက်ပါ ချီးကျူးဂုဏ်ပြုမှု နှင့် အတူ ၀မ်းမြောက်မိသည် ။ လူငယ်သည် နိုင်ငံနှင့်လူမျိုး၊ လူ့အဖွဲ့အစည်း နှင့် အဖွဲ့ အစည်းများ၏ အရံအင်အားဖြစ်သည် ။ ယနေ့လူငယ်သည် နောင်အနာဂတ် နိုင်ငံတော၊် လူအဖွဲ့အစည်း နှင့် အဖွဲ့ အစည်းများ၏ခေါင်းဆောင်များဖြစ်သည် ။ အနာဂတ်သည် လူငယ်များ၏ လက်တွင်ရှိသည် ဆိုသည့် အယူအဆ အား အားလုံးလက်ခံယုံကြည်ထားသည့် အယူအဆတရပ်ဖြစ်သည် ။
                   ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြို့နယ်အဆင့်မှ စတင်၍ နိုင်ငံလုံးဆိုင်ရာလူငယ်ညီ လာခံအထိ ကျင်းပတော့မည်ဖြစ်သည် ။ ဒီမိုကရေစီ ယဉ်ကျေးမှုနှင့် ဝေးကွာခဲ့ရသည့် လူငယ်များအား ဒီမိုကရေစီ ယဉ်ကျေးမှု နှင့်ပြန်လည်ယဉ်ပါးလာစေရန် လေ့ကျင့်ပျိုးထောင်ပေးသည့် လုပ်ငန်းစဉ်တရပ်လည်းဖြစ်ပေသည် ။ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈ ခု စတင်ဖွဲ့စည်းထူထောင်စဉ်ကာလကပင် လူငယ်လုပ်ငန်း အဖွဲ့များ ဖွဲ့စည်း၍ ပါတီအရံအင်အားအဖြစ် မျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင်ခဲ့သည် ။ ယခု လူငယ်များအား ဒီမိုကရေစီ ယဉ်ကျေးမှုများနှင့် ယဉ်ပါးစေ၍ နိုင်ငံရေးလေ့လာ လေ့ကျင့်ရေး အခြေအနေများ ဖန်တီးပေနေပေသည်။
                   လူငယ်သည် တက်ကြွသည်။ ဖြတ်လတ်သည်။ အားမာန်အပြည့်ဖြင့် မိမိယုံကြည်ရာကို စူးစူးစိုက် စိုက် နှစ်မြှုပ်လုပ်ကိုင်တတ်သည်။ မိမိယုံကြည်မှုအတွက် အရာရာကို ပေးဆပ်နိုင်စွမ်းရှိသည် ။ အတွေ့အကြုံ၊ ကျိုးကြောင်းဆင်ခြင်မှု၊ချင့်ချိန်နိုင်စွမ်းအား နှင့် သဘောတရားရေးရာများ လောင်းထည့်ပေးနိုင်လျှင် အနာ ဂတ်  ခေါင်းဆောင်လောင်းများဖြစ်ထွန်းလာမည်ဖြစ်သည် ။ ဤကွက်လပ်အားဖြည့်ဆည်းနိုင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်ညီလာခံများကျင်းပရခြင်းဖြစ်သည် ။ နိုင်ငံ နှင့် လူ့အဖွဲ့အစည်း ၏ လိုအပ်ချက် ကွက်လပ် များဖြည့် ဆည်း ဆောင်ရွက်နိုင်ရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဓိကလုပ်ငန်းစဉ် တရပ်ဖြစ်သည်။လူငယ်ညီလာခံများအောင်မြင်စွာကျင်းပနိုင်ရေးသည်ပါတီအဓိကလုပ်ငန်းစဉ်၏ အစိတ်အပိုင်း ဖြစ်သည် ။
                   မြန်မာ့နိုင်ငံရေးသမိုင်းတွင် လူငယ်တို့၏ အခန်းကဏ္ဍ ကြီးမားသည်ကိုတွေ့ရသည် ။ နိုင်ငံလွတ် လပ်ရေးတိုက်ပွဲ နှင့် နိုင်ငံရေးပြုပြင်ပြောင်းလွှဲမှု၏ ပင်မရေစီးကြောင်းသည် လူငယ်များဖြစ်ကြသည် ။ ယနေ့လူငယ် များသည်လည်း နိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလွှဲမှု အခန်းကဏ္ဍတွင် ပါဝင်စေလိုသည် ။ အနာဂတ်နိုင်ငံတော်အားပြင်ဆင်တည်ဆောက်ကြမည့်လူငယ်များအား အတွေ့အကြုံကောင်းများရရှိကြစေချင်သည် ။ သင်ယူလေ့လာ စရာများ အများအပြားရှိမည်မှာ ဧကန်ဖြစ်သည် ။ သင်ယူ လေ့လာ ဆည်းပုး ဖြည့်တင်းရင်း အရံအင်အားနှင့်အညီ လူကြီးများအား အကူအညီပေးနိုင်အောင် ကြိုးပမ်းအားထုတ်ကြရပေမည် ။
                    အနာဂတ် နိုင်ငံတော်နှင့် အနာဂတ်မျိုးဆက်များ၏ ကံကြမ္မာသည် ယနေ့လူငယ်များ၏ လက်ထဲ တွင်ရှိပါသည် ။ ဤ နေရာတွင် ဆရာဗန်းမော်တင်အောင်၏ စကားအား ကိုးကားချင်သည် ။ ဆရာဗန်းမော် တင်အောင် က “လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခောတ်ကြီးက သူ့ပခုံးပေါ်တင်ပေး လိုက်တဲ့ သမိုင်းပေးတာဝန်ကို သူ ..... ဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ် ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာဘဲ။”လို့ပြောခဲ့သည်။ယနေ့ကျွန်တော်တို့လူငယ်များအားတန်ဖိုးရှိသော လူငယ်များ ဖြစ်ကြစေချင်ပါသည် ။

No comments:

Post a Comment