၁၂.၁.၂၀၁၄
ဗဟို။ တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်များ ပထမအကြိမ်အစည်းအဝေးအား မန္တလေးတိုင်းဒေသကြီး အဖွဲ့ချုပ်ရုံးတွင် ၁၂.၁.၂၀၁၄ နေ့တွင်ကျင်းပခဲ့ပါသည် ။ ၎င်းအစည်းအဝေးတွင် အခမ်းအနားမှူးအဖြစ် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုကိုမှ ဆောင်ရွက်ပြီး သဘာပတိအဖြစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် မှ ဆောင်ရွက်ခဲ့ပါသည် ။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် Dr ဇော်မြင့်မောင်မှ၎င်း မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးမှ၎င်း အမှာစကားပြောကြားခဲ့ပါသည် ။ ဒုတိယအကြိမ် ဗဟို ကော်မတီ အစည်းအဝေးတွင် တင်သွင်းသည့်စာတမ်းအား ဗဟိုကော်မတီဝင် ဦးသောင်းထွန်း ( ခ ) ကိုငြိမ်းသစ် မှဖတ်ကြားခဲ့ပါသည် ။ ၎င်း အစည်းအဝေးမှ ရှေ့လုပ်ငန်းစဉ် ဆုံးဖြတ်ချက် ( ၅ ) ချမှတ်ခဲ့ပါသည် ။
No comments:
Post a Comment