Thursday, February 13, 2014

( ၆၇ ) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား မန္တလေးတိုင်းဒေသကြီးတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပ



၁၂.၂.၂၀၁၄





နံနက် ၁၀း၀၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး အဖွဲ့ချုပ်ရုံးတွင် ( ၆၇ ) နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်း အနားအား စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည် ။ ၎င်းအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် မန္တလေး တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုကိုမှဆောင်ရွက်ပြီး သဘာပတိအဖြစ် မန္တလေးတိုင်းဒေသကြီး တိုင်းရင်သားဆက်ဆံရေးရာ ကော်မတီ ဥက္ကဋ္ဌ Dr စိုင်းလှသိန်းမှ ဆောင်ရွက်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထဋ်ဦးမှအမှာစကားပြောကြားခဲ့ပြီး တက်ရောက် လာသည့် ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲများမှ သ၀ဏ်လွှာများဖတ်ကြားခဲ့ကြပါသည် ။ ဒုတိယပိုင်း အစီ အစဉ်အဖြစ် စာရေးဆရာ ညီစေမင်း မှ ပြည်ထောင်စုစိတ်ဓါတ် ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး နေ့ ၁၂း ၃၀ တွင် အခမ်းအနားအား အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည် ။

No comments:

Post a Comment