Sunday, February 23, 2014
မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဗဟိုသဘာပတိ ဘဘဦးဝင်းတင်အား ဂါရ၀ပြု ဩ၀ါဒခံယူ
၂၃.၂.၂၀၁၄
ယနေ့ ညနေ ၄း ၄၅ တွင် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသဘာပတိ ဘဘ ဦးဝင်းတင်အား ကံတက်ကုန်းဘုန်းတော်ကြီးကျောင်းသို့သွားရောက်ဂါရ၀ပြု ဩ၀ါဒခံယူ ခဲ့ကြပါသည် ။ ဘဘဦးဝင်းတင်မှ ဩ၀ါဒစကားမြွက်ကြားရာ ခေါင်းဆောင်နှင့် တသားတည်းဖြစ်ရန် လိုကြောင်း ။ ပါတီ၏ မူဝါဒ၊ လမ်းစဉ်များကို စူးစူးစိုက်စိုက် လေ့လာရန်လိုကြောင်း ။ ပါတီ မူဝါဒ၊ လမ်းစဉ်၊ သဘောတရားများကို မမှိတ်မသုံ ယုံကြည်ဖို့လိုကြောင်း ။ ပါတီ၏ အဆင့်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော အလုပ်အမှုဆောင်များအား လေးစားတန်ဖိုးထားကြောင်း ။ ညီလာခံ အဆင့်ဆင့်မှ ရွေးချယ်တင်မြှေက်သူများဖြစ်၍ လေးစာတန်ဖိုးထားကြောင်း ။ အားလုံးစုစုစည်းစည်း ညီညီ ညွတ်ညွတ်ဖြင့် နိုင်ငံရေးအသိ ၊ နိုင်ငံရေးသတိဖြင့် ဆောင်ရွက်ကြစေလိုကြောင်း ဩ၀ါဒပေးမိန့်ကြားလမ်းညွှန် ခဲ့ပါသည် ။၎င်းနောက် ဘဘဦးဝင်တင်သည် ညနေ ၅း ၃၀ တွင် ရန်ကုန်မြို့ သို့ပြန်ရန် တံတားဦးလေယာဉ်ကွင်းသို့ မော်တော်ယာဉ်များဖြင့်ပြန်လည်ထွက်ခွာ သွားပါသည် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment