Sunday, March 30, 2014

မန္တလေးခရိုင် အလုပ်မှုဆောင်အဖွဲ့ ရုံးခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးကျင်းပ

30.3.2014
ယနေ့ နေ့လည် ၂း ၂၀ တွင် မန္တလေးခရိုင်အလုပ်အမှုဆောင်အဖွဲ့ ရုံးခန်၌ တိုင်း၊ ခရိုင်၊ မြို့ နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးအား အစီအစဉ် ( ၈ ) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။ ၎င်းအစည်းအ၀းတွင် အခမ်းအနားမှူးအဖြစ် မန္တလေးခရိုင် အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူးး ဦးတောက်ထွန်းမှဆောင်ရွက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးး ဦးတင်ထွဋ်ဦး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ မန္တလေးခရိုင်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့် ( ခ ) ဦးကံ မှလည်း အမှာစကားပြောကြားခဲ့ပါသည် ။ ၎င်းနောက် တက်ရောက်လာသည့် မြို့နယ်အသီးသီးမှ မိမိမြို့နယ်အလုပ်အမှုဆောင်အဖွဲ့များ၏ တလတာ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြကြပါသည် ။ ၎င်းနောက် တက်ရောက်လာသည့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များသည် မရှင်းလင်းသည်များကို ဆွေးနွေး မေးမြန်းကြပြီး တိုင်းအလုပ်အမှုဆောင်အဖွဲ့နှင့် ခရိုင်အလုပ်အမှုဆောင်အဖွဲ့များမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည် ။ ၎င်းနောက် ဆုံးဖြတ်ချက် ( ၂ ) ရပ်ချမှတ်ခါ ညနေ ၄း ၁၀ တွင် အစည်းအ၀းကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။

No comments:

Post a Comment