Sunday, March 30, 2014

မန္တလေးခရိုင် အလုပ်မှုဆောင်အဖွဲ့ ရုံးခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးကျင်းပ

30.3.2014
ယနေ့ နေ့လည် ၂း ၂၀ တွင် မန္တလေးခရိုင်အလုပ်အမှုဆောင်အဖွဲ့ ရုံးခန်၌ တိုင်း၊ ခရိုင်၊ မြို့ နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးအား အစီအစဉ် ( ၈ ) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။ ၎င်းအစည်းအ၀းတွင် အခမ်းအနားမှူးအဖြစ် မန္တလေးခရိုင် အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူးး ဦးတောက်ထွန်းမှဆောင်ရွက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးး ဦးတင်ထွဋ်ဦး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ မန္တလေးခရိုင်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့် ( ခ ) ဦးကံ မှလည်း အမှာစကားပြောကြားခဲ့ပါသည် ။ ၎င်းနောက် တက်ရောက်လာသည့် မြို့နယ်အသီးသီးမှ မိမိမြို့နယ်အလုပ်အမှုဆောင်အဖွဲ့များ၏ တလတာ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြကြပါသည် ။ ၎င်းနောက် တက်ရောက်လာသည့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များသည် မရှင်းလင်းသည်များကို ဆွေးနွေး မေးမြန်းကြပြီး တိုင်းအလုပ်အမှုဆောင်အဖွဲ့နှင့် ခရိုင်အလုပ်အမှုဆောင်အဖွဲ့များမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည် ။ ၎င်းနောက် ဆုံးဖြတ်ချက် ( ၂ ) ရပ်ချမှတ်ခါ ညနေ ၄း ၁၀ တွင် အစည်းအ၀းကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။

Saturday, March 29, 2014

မန္တလေးတိုင်းဒေသကြီး လူမှုအထောက်အကူပြုအဖွဲ့ အစည်းအဝေးကျင်းပ

29.3.2014
ယနေ့ နေ့လည် ၁း ၀၀ တွင် မန္တလေးတိုင်းဒေသကြီး လူမှုအထောက်အကူပြု အဖွဲ့ အစည်းအဝေးကျင်းပခဲ့ပါသည် ။ ၎င်းအစည်းဒအဝေးမှဆုံးဖြတ်ချက် ( ၅ ) ရပ်ချမှတ် ခဲ့ပါသည် ။ နေ့လည် ၂း ၃၀ တွင် အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။

Thursday, March 27, 2014

မန္တလေးတိုင်းဒေသကြီး အဖွဲ့ချုပ်ရုံးခန်းမဆောင်တွင် ( ၆၉ ) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပ



27.3.2014
နံနက် ၁၀း ၁၅ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး အစည်းအဝေးခမ်းမဆောင်တွင် ( ၆၉ ) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပခဲ့ပါသည် ။ ၎င်း အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် ဒေါ်နန်းစံမွန်းမှဆောင်ရွက်ခဲ့ပြီး တိုင်းအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည် ။ ၎င်းနောက် တက်ရောက်လာသည့် ခရိုင်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များမှ သ၀ဏ်လွှာများ ဖတ်ကြားကြပါသည် ။ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် စာရေးဆရာ ညိုထွန်းလူမှ အနီးဆုံးရန်သူကို ရှာတိုက်ကြ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည် ။ဆရာညိုထွန်းလူအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီးနောက် နေ့လည် ၁း ၀၀ နာရီတွင် ( ၆၉ )နှစ်မြောက်တော်လှန်ရေးနေ့ အခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့ပါသည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ တွေ့ဆုံ

23.3.2014
နံနက် ၇း ၀၀ တွင် မိုးကုတ်မြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့တို့ တွေ့ဆုံပွဲကျင်းပခဲ့ပါသည် ။ ၎င်း တွေ့ဆုံပွဲတွင် လက်ရှိနိုင်ငံရေးအခြေအနေများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး အပြန်အလှန် မေးခွန်းများ မေးမြန်းဖြေကြားခဲ့ကြပြီး မှတ်တမ်းတင် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ နံနက် ၈း ၀၅ တွင် တွေ့ဆုံပွဲ အခမ်းအနားအောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။

မိုးကုတ်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲ ကျင်းပ





22.3.2014
ညနေ ၄း ၀၀ တွင်မိုးကုတ်မြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည် ။ ၎င်းဖွဲ့စည်းပုံအခြေခံ ဥပေးဆိုင်ရာ ရှင်းလင်းဟောပြောပွဲတွင် အခမ်းအနားမှူးအဖြစ် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ ( မိုးကုတ်ဇာတိ ) မှဆောင်ရွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တို့မှလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ပါသည် ။ ၎င်းနောက် တက်ရောက်လာသော ပြည်သူများမေးမြန်းသည့် မေးခွန်းများအား ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဦးအောင်ကြည်ညွန့် တို့မှပြန်လည်ဖြေကြားခါ ဟောပြောပွဲ အခမ်းအနားအားအောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။

မလှိုင်မြို့နယ် အဖွဲ့ချုပ်ရုံး၌ တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးကျင်းပ



21.3.2014
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခမ်းမ၌ ၂၁.၃.၂၀၁၄ နေ့ နံနက် ၁၀း ၀၀ တွင် တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးကျင်းပခဲ့ပါသည် ။၎င်းအစည်းအဝေးအားအစီအစဉ် ( ၉ ) ရပ်ဖြင့်ကျင်းပခဲ့ပြီး အခမ်းအနား မှူးအဖြစ် မိတ္ထီလာခရိုင် အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် ဦးကြည်ဇော်မှ ဆောင်ရွက်ခဲ့ပါသည် ။ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုကို မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် ဦးစည်သူမှ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခဲ့ပါသည် ။ မိတ္ထီလာခရိုင် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းထွန်း မှလည်း အမှာစကားပြောကြားခဲ့ပါသည် ။ ၎င်း နောက်တက်ရောက်လာသည့် အလုပ်အမှုဆောင်အဖွဲ့များ မှ တစ်လတာ မိမိတို့လုပ်ကိုင်ဆောင်ရွက်ထားရှိမှုအခြေအနေအား အစီရင်ခံတင်ပြကြပါသည် ။ ၎င်းနောက် တက်ရောက်လာသည့် အလုပ်အမှုဆောင်အဖွဲ့များမှ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးကြပြီး တိုင်းဒေသကြီးအလုပ်အမှုဆောင်များပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါသည် ။ ၎င်းနောက် ရှေ့လုပ်ငန်းစဉ်ဆုံးဖြတ်ချက် ( ၂ ) ရပ်ချမှတ်ပြီး နေ့ ၁၁း ၄၀ တွင်အစည်အဝေးကိုအောင်မြင် စွာ ရုတ်သိမ်းခဲ့ပါသည် ။

ပျော်ဘွယ်မြို့နယ် အဖွဲ့ချုပ်ရုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးကျင်းပ




20.3.2014
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခမ်းမ၌ ၂၀.၂.၂၀၁၄ နေ့ နံနက် ၁၀း ၀၀ တွင် တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးကျင်းပခဲ့ပါသည် ။၎င်းအစည်းအဝေးအားအစီအစဉ် ( ၉ ) ရပ်ဖြင့်ကျင်းပခဲ့ပြီး အခမ်းအနား မှူးအဖြစ် ရမည်းသင်းခရိုင် အတွင်းရေးမှူး ဦးလှယုမှ ဆောင်ရွက်ခဲ့ပါသည် ။ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုကို မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် ဦးစည်သူမှ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခဲ့ပါသည် ။ ရမည်းသင်းခရိုင် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး မှလည်း အမှာစကားပြောကြားခဲ့ပါသည် ။ ၎င်း နောက်တက်ရောက်လာသည့် အလုပ်အမှုဆောင်အဖွဲ့များ မှ တစ်လတာ မိမိတို့လုပ်ကိုင်ဆောင်ရွက်ထားရှိမှုအခြေအနေအား အစီရင်ခံတင်ပြကြပါသည် ။ ၎င်းနောက် တက်ရောက်လာသည့် အလုပ်အမှုဆောင်အဖွဲ့များမှ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးကြပြီး တိုင်းဒေသကြီးအလုပ်အမှုဆောင်များပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါသည် ။ ၎င်းနောက် ရှေ့လုပ်ငန်းစဉ်ဆုံးဖြတ်ချက် ( ၁ ) ရပ်ချမှတ်ပြီး နေ့ ၁၂း ၀၀ တွင်အစည်အဝေးကိုအောင်မြင် စွာ ရုတ်သိမ်းခဲ့ပါသည် ။