Wednesday, March 5, 2014

တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ စုံညီအစည်းအဝေး နေပြည်တော် ခရိုင်တွင်ကျင်းပ



4.3.2014
                   ယနေ့ ညနေ ၄း ၀၀ တွင် နေပြည်တော်ခရိုင်၌ တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်များ အစည်းအဝေးကျင်းပခဲ့ပါသည် ။ ၎င်း အစည်းအဝေးအား အစီအစဉ် ( ၉ ) ရပ်ဖြင့်ကျင်းပခဲ့ပြီး ဗဟိုကော်မတီဝင် ဥတ္တရသီရိ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည် ။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး မှလည်း အမှာစကားပြောကြားခဲ့ပါသည် ။ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး Dr စိုငးလှသိန်းမှ တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်များ အည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ရေးရာကော်မတီ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ နှင့် လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ပါသည် ။ ၎င်းနောက် တက်ရောက်လာသည့် ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်များမှ မိမိတို့အလုပ်အမှုဆောင်အဖွဲ့ ဆောင်ရွက်ထားမှုအခြေအနေများ မြို့နယ်များ၏ အခြေအနေများ မရှင်းလင်းသည်များကို တင်ပြဆွေးနွေးမေးမြန်းကြပါသည် ။ မေးမြန်းချက်များအား မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုကို မှပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ ပါသည် ။ ၎င်းနောက် အစည်းအဝေးအား ညနေ ၆း ၀၀ တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။

No comments:

Post a Comment