Saturday, March 1, 2014

မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ လစဉ်ပုံမှန် အစည်းအဝေးကျင်းပ








၁.၃.၂၀၁၄
                   မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့၏ လစဉ်ပုံမှန် အစည်အဝေးအား ယနေ့ နေ့လည် ၁း ၃၅ တွင်ကျင်းပခဲ့ပါသည် ။ ၎င်း အစည်းအဝေးတွင် အစီအစဉ် ( ၁၀ ) ရပ်ဖြင့် ကျင်းပခဲ့ပြီး အခမ်း အနားမှူးအဖြစ် တွဲဖက်အတွင်းရေးမှူး Dr စိုင်းလှသိန်းမှ ဆောင်ရွက်ခဲ့ပါသည် ။ အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အလုပ်အမှုဆောင်အဖွဲ့၏ တစ်လတာ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား အတွင်းရေးမှူး ဦးတင်ကိုကိုမှ အစီရင်ခံတင်ပြခဲ့ပါသည် ။
                   ၎င်းနောက် အလုပ်အမှုဆောင်အဖွဲ့ဝင်များမှ မိမိတို့တာဝန်ယူထားသည့်ခရိုင် အသီးသီး၏ အခြေအနေများကို အလုပ်အမှုဆောင်အဖွဲ့သို့ အစီရင်ခံတင်ပြကြပါသည် ။ ၎င်းနောက် ရေးရာကော်မတီအသီး သီးမှ အဖွဲ့ခေါင်းဆောင်များက မိမိတို့တာဝန်ယူထားသည့် ရေးရာကော်မတီဆိုင်ရာ ကိစ္စရပ်များတင်ပြကြ ပါ သည်။၎င်းနောက် ယခင်၏ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ဆောင်နိုင်မှု အခြေအနေအား ပြန်လည် သုံးသပ်ကြပါသည် ။ ၎င်းနောက် နိုင်ငံရေးအခြေအနေ၊ ပါတီတွင်းအခြေအနေ၊ စည်းရုံးအခြေအနေ၊ တိုင်းဒေသကြီးအတွင်း လူမှုဘ၀ အခြေအနေများ နှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ် ဆုံးဖြတ်ချက် ( ၅ ) ရပ်ချမှတ်ကာ ညနေ ၄း ၃၀ တွင် အစည်းအဝေးကိုအောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။

No comments:

Post a Comment