Saturday, March 15, 2014

မန္တလေးတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာကော်မတီ လစဉ်ပုံမှန် အစည်းအဝေးကျင်းပ



16.3.2015
                   ယနေ့နံနက် ၁၀း ၁၅  မန္တလေးတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာကော်မ တီ လစဉ်ပုံမှန်အစည်းအဝေးကို အစည်းအဝေးအစီအစဉ် ( ၇
) ဖြင့်ကျင်းပခဲ့ပါသည် ။ ၎င်းအစည်းအဝေးတွင် အခမ်းအနားမှူးအဖြစ် ဒေါ်ရွက်နုအောင်မှ ဆောင်ရွက်ပြီး ဥက္ကဋ္ဌ Dr ကျော်သန်းထွန်း ( ကန်တုံဆေးတက္ကသိုလ် ) မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည် ။ တိုင်းတောင်းသူလယ်သမားရေးရာ ကော်မတီ အတွင်းရေးမှူး ဦးဇော်မင်းလွင်မှ တောင်သူလယ်သမားရေးရာ ကော်မတီ ၏ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်၍ ရှင်းလင်း တင်ပြခဲ့ပြီး ခရိုင်အလိုက် တာဝန်ယူထားသည့် တိုင်းတောင်သူလယ်သမားရေးရာ ကော်မတီဝင်များမှ မိမိတို့ တာဝန်ယူထားသည့် ခရိုင်များ၏ အခြေအနေများကို တင်ပြကြပါသည် ။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီး အတွင်းတောင်သူလယ်သမား ရေးရာများနှင့် ပတ်သက်သည့် အကြောင်းအရာများကိုဝိုင်းဝန်းဆွေးကြပြီး ဆုံးဖြတ်ချက် ( ၅ ) ချမှတ်ခါ နေ့ ၁၁း ၃၀ တွင် မန္တလေးတိုင်း ဒေသကြီး တောင်သူလယ်သမားရေးရာ ကော်မတီအစည်းအဝေးအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။

No comments:

Post a Comment