Thursday, March 27, 2014

မိုးကုတ်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲ ကျင်းပ





22.3.2014
ညနေ ၄း ၀၀ တွင်မိုးကုတ်မြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည် ။ ၎င်းဖွဲ့စည်းပုံအခြေခံ ဥပေးဆိုင်ရာ ရှင်းလင်းဟောပြောပွဲတွင် အခမ်းအနားမှူးအဖြစ် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ ( မိုးကုတ်ဇာတိ ) မှဆောင်ရွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တို့မှလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ပါသည် ။ ၎င်းနောက် တက်ရောက်လာသော ပြည်သူများမေးမြန်းသည့် မေးခွန်းများအား ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဦးအောင်ကြည်ညွန့် တို့မှပြန်လည်ဖြေကြားခါ ဟောပြောပွဲ အခမ်းအနားအားအောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။

No comments:

Post a Comment