Sunday, March 30, 2014

မန္တလေးခရိုင် အလုပ်မှုဆောင်အဖွဲ့ ရုံးခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးကျင်းပ

30.3.2014
ယနေ့ နေ့လည် ၂း ၂၀ တွင် မန္တလေးခရိုင်အလုပ်အမှုဆောင်အဖွဲ့ ရုံးခန်၌ တိုင်း၊ ခရိုင်၊ မြို့ နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးအား အစီအစဉ် ( ၈ ) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။ ၎င်းအစည်းအ၀းတွင် အခမ်းအနားမှူးအဖြစ် မန္တလေးခရိုင် အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူးး ဦးတောက်ထွန်းမှဆောင်ရွက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးး ဦးတင်ထွဋ်ဦး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ မန္တလေးခရိုင်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့် ( ခ ) ဦးကံ မှလည်း အမှာစကားပြောကြားခဲ့ပါသည် ။ ၎င်းနောက် တက်ရောက်လာသည့် မြို့နယ်အသီးသီးမှ မိမိမြို့နယ်အလုပ်အမှုဆောင်အဖွဲ့များ၏ တလတာ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြကြပါသည် ။ ၎င်းနောက် တက်ရောက်လာသည့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များသည် မရှင်းလင်းသည်များကို ဆွေးနွေး မေးမြန်းကြပြီး တိုင်းအလုပ်အမှုဆောင်အဖွဲ့နှင့် ခရိုင်အလုပ်အမှုဆောင်အဖွဲ့များမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည် ။ ၎င်းနောက် ဆုံးဖြတ်ချက် ( ၂ ) ရပ်ချမှတ်ခါ ညနေ ၄း ၁၀ တွင် အစည်းအ၀းကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။

Saturday, March 29, 2014

မန္တလေးတိုင်းဒေသကြီး လူမှုအထောက်အကူပြုအဖွဲ့ အစည်းအဝေးကျင်းပ

29.3.2014
ယနေ့ နေ့လည် ၁း ၀၀ တွင် မန္တလေးတိုင်းဒေသကြီး လူမှုအထောက်အကူပြု အဖွဲ့ အစည်းအဝေးကျင်းပခဲ့ပါသည် ။ ၎င်းအစည်းဒအဝေးမှဆုံးဖြတ်ချက် ( ၅ ) ရပ်ချမှတ် ခဲ့ပါသည် ။ နေ့လည် ၂း ၃၀ တွင် အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။

Thursday, March 27, 2014

မန္တလေးတိုင်းဒေသကြီး အဖွဲ့ချုပ်ရုံးခန်းမဆောင်တွင် ( ၆၉ ) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပ



27.3.2014
နံနက် ၁၀း ၁၅ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး အစည်းအဝေးခမ်းမဆောင်တွင် ( ၆၉ ) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပခဲ့ပါသည် ။ ၎င်း အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် ဒေါ်နန်းစံမွန်းမှဆောင်ရွက်ခဲ့ပြီး တိုင်းအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည် ။ ၎င်းနောက် တက်ရောက်လာသည့် ခရိုင်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များမှ သ၀ဏ်လွှာများ ဖတ်ကြားကြပါသည် ။ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် စာရေးဆရာ ညိုထွန်းလူမှ အနီးဆုံးရန်သူကို ရှာတိုက်ကြ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည် ။ဆရာညိုထွန်းလူအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီးနောက် နေ့လည် ၁း ၀၀ နာရီတွင် ( ၆၉ )နှစ်မြောက်တော်လှန်ရေးနေ့ အခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့ပါသည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ တွေ့ဆုံ

23.3.2014
နံနက် ၇း ၀၀ တွင် မိုးကုတ်မြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့တို့ တွေ့ဆုံပွဲကျင်းပခဲ့ပါသည် ။ ၎င်း တွေ့ဆုံပွဲတွင် လက်ရှိနိုင်ငံရေးအခြေအနေများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး အပြန်အလှန် မေးခွန်းများ မေးမြန်းဖြေကြားခဲ့ကြပြီး မှတ်တမ်းတင် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ နံနက် ၈း ၀၅ တွင် တွေ့ဆုံပွဲ အခမ်းအနားအောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။

မိုးကုတ်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲ ကျင်းပ





22.3.2014
ညနေ ၄း ၀၀ တွင်မိုးကုတ်မြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည် ။ ၎င်းဖွဲ့စည်းပုံအခြေခံ ဥပေးဆိုင်ရာ ရှင်းလင်းဟောပြောပွဲတွင် အခမ်းအနားမှူးအဖြစ် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ ( မိုးကုတ်ဇာတိ ) မှဆောင်ရွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တို့မှလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ပါသည် ။ ၎င်းနောက် တက်ရောက်လာသော ပြည်သူများမေးမြန်းသည့် မေးခွန်းများအား ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဦးအောင်ကြည်ညွန့် တို့မှပြန်လည်ဖြေကြားခါ ဟောပြောပွဲ အခမ်းအနားအားအောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။

မလှိုင်မြို့နယ် အဖွဲ့ချုပ်ရုံး၌ တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးကျင်းပ



21.3.2014
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခမ်းမ၌ ၂၁.၃.၂၀၁၄ နေ့ နံနက် ၁၀း ၀၀ တွင် တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးကျင်းပခဲ့ပါသည် ။၎င်းအစည်းအဝေးအားအစီအစဉ် ( ၉ ) ရပ်ဖြင့်ကျင်းပခဲ့ပြီး အခမ်းအနား မှူးအဖြစ် မိတ္ထီလာခရိုင် အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် ဦးကြည်ဇော်မှ ဆောင်ရွက်ခဲ့ပါသည် ။ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုကို မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် ဦးစည်သူမှ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခဲ့ပါသည် ။ မိတ္ထီလာခရိုင် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းထွန်း မှလည်း အမှာစကားပြောကြားခဲ့ပါသည် ။ ၎င်း နောက်တက်ရောက်လာသည့် အလုပ်အမှုဆောင်အဖွဲ့များ မှ တစ်လတာ မိမိတို့လုပ်ကိုင်ဆောင်ရွက်ထားရှိမှုအခြေအနေအား အစီရင်ခံတင်ပြကြပါသည် ။ ၎င်းနောက် တက်ရောက်လာသည့် အလုပ်အမှုဆောင်အဖွဲ့များမှ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးကြပြီး တိုင်းဒေသကြီးအလုပ်အမှုဆောင်များပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါသည် ။ ၎င်းနောက် ရှေ့လုပ်ငန်းစဉ်ဆုံးဖြတ်ချက် ( ၂ ) ရပ်ချမှတ်ပြီး နေ့ ၁၁း ၄၀ တွင်အစည်အဝေးကိုအောင်မြင် စွာ ရုတ်သိမ်းခဲ့ပါသည် ။

ပျော်ဘွယ်မြို့နယ် အဖွဲ့ချုပ်ရုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးကျင်းပ




20.3.2014
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခမ်းမ၌ ၂၀.၂.၂၀၁၄ နေ့ နံနက် ၁၀း ၀၀ တွင် တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ လစဉ်ပုံမှန် အစည်းအဝေးကျင်းပခဲ့ပါသည် ။၎င်းအစည်းအဝေးအားအစီအစဉ် ( ၉ ) ရပ်ဖြင့်ကျင်းပခဲ့ပြီး အခမ်းအနား မှူးအဖြစ် ရမည်းသင်းခရိုင် အတွင်းရေးမှူး ဦးလှယုမှ ဆောင်ရွက်ခဲ့ပါသည် ။ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုကို မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် ဦးစည်သူမှ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခဲ့ပါသည် ။ ရမည်းသင်းခရိုင် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး မှလည်း အမှာစကားပြောကြားခဲ့ပါသည် ။ ၎င်း နောက်တက်ရောက်လာသည့် အလုပ်အမှုဆောင်အဖွဲ့များ မှ တစ်လတာ မိမိတို့လုပ်ကိုင်ဆောင်ရွက်ထားရှိမှုအခြေအနေအား အစီရင်ခံတင်ပြကြပါသည် ။ ၎င်းနောက် တက်ရောက်လာသည့် အလုပ်အမှုဆောင်အဖွဲ့များမှ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးကြပြီး တိုင်းဒေသကြီးအလုပ်အမှုဆောင်များပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါသည် ။ ၎င်းနောက် ရှေ့လုပ်ငန်းစဉ်ဆုံးဖြတ်ချက် ( ၁ ) ရပ်ချမှတ်ပြီး နေ့ ၁၂း ၀၀ တွင်အစည်အဝေးကိုအောင်မြင် စွာ ရုတ်သိမ်းခဲ့ပါသည် ။

Saturday, March 15, 2014

မန္တလေးတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာကော်မတီ လစဉ်ပုံမှန် အစည်းအဝေးကျင်းပ



16.3.2015
                   ယနေ့နံနက် ၁၀း ၁၅  မန္တလေးတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာကော်မ တီ လစဉ်ပုံမှန်အစည်းအဝေးကို အစည်းအဝေးအစီအစဉ် ( ၇
) ဖြင့်ကျင်းပခဲ့ပါသည် ။ ၎င်းအစည်းအဝေးတွင် အခမ်းအနားမှူးအဖြစ် ဒေါ်ရွက်နုအောင်မှ ဆောင်ရွက်ပြီး ဥက္ကဋ္ဌ Dr ကျော်သန်းထွန်း ( ကန်တုံဆေးတက္ကသိုလ် ) မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည် ။ တိုင်းတောင်းသူလယ်သမားရေးရာ ကော်မတီ အတွင်းရေးမှူး ဦးဇော်မင်းလွင်မှ တောင်သူလယ်သမားရေးရာ ကော်မတီ ၏ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်၍ ရှင်းလင်း တင်ပြခဲ့ပြီး ခရိုင်အလိုက် တာဝန်ယူထားသည့် တိုင်းတောင်သူလယ်သမားရေးရာ ကော်မတီဝင်များမှ မိမိတို့ တာဝန်ယူထားသည့် ခရိုင်များ၏ အခြေအနေများကို တင်ပြကြပါသည် ။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီး အတွင်းတောင်သူလယ်သမား ရေးရာများနှင့် ပတ်သက်သည့် အကြောင်းအရာများကိုဝိုင်းဝန်းဆွေးကြပြီး ဆုံးဖြတ်ချက် ( ၅ ) ချမှတ်ခါ နေ့ ၁၁း ၃၀ တွင် မန္တလေးတိုင်း ဒေသကြီး တောင်သူလယ်သမားရေးရာ ကော်မတီအစည်းအဝေးအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။

မိုကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်မှုဆောင်များ နှင့် ရပ်မိရပ်ဖများ ညှိနှိုင်းအစည်းအဝေးကျင်းပ







15.3.2014
                   မိုးကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ် နှင့် ရပ်မိရပ်ဖများ အခြားပါတီများမှ ဖိတ်ကြားထားသူများ နေ့ ၂း ၀၀ တွင် ညှိနှိုင်းအစည်းအဝေးတရပ် ကျင်းပခဲ့ပါသည် ။ ၂၂ ရက် ၂၃ ရက် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည် သည် မိုးကုတ်မြို့သို့လာရောက်မည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေး ပွဲကျင်းပပြုလုပ်မည်ဖြစ်ပါသည် ။ ၎င်း ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်လုံခြုံချောမွေ့စေ ရေးအတွက် ယခုကဲ့သို့ အစည်းအဝေးကျင်းခဲ့ခြင်းဖြစ်ပါသည် ။ ၎င်းနောက် ညနေ ၃း ၃၀ တွင် အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။

Monday, March 10, 2014

မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့နှင့် ပြင်ဦးလွင်ခရိုင် အလုပ်အမှုဆောင်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ



10.3.2014
                   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ နှင့် ပြင်ဦးလွင်ခရိုင် အလုပ်အမှုဆောင်အဖွဲ့တို့ ညှိနှိုင်းအစည်းအဝေးအား ယနေ့ နေ့လည် ၁း ၂၅ တွင် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ရုံးခန်းတွင်ကျင်းပခဲ့ပါသည် ။ ၎င်း အစည်းအဝေးအား အစီအစဉ် ( ၈ ) ရပ်ဖြင့် ကျင်းခဲ့ပြီး အခမ်းအနားမှူးအဖြစ် မန္တလေးတိုင်းဒေသကြီး အုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုကိုမှ ဆောင်ရွက်ခဲ့ပါသည် ။ မန္တလေးတိုင်းဒေသကြီးအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပါတီရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဒု ဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ မှ ရှင်းလင်းပြောကြားခဲ့ပါသည် ။ ပြင်ဦးလွင်ခရိုင် အလုပ်အမှုဆာင်အဖွဲ့မှ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးကြပါသည် ။ ဆွေးနွေးမေးမြန်းချက်များအား တိုင်းဒေသကြီးအလုပ်အမှုဆောင်အဖွဲ့မှ ပြန်လည်ရှင်းလင်းခဲ့ပါသည် ။ ၎င်းနောက် ဆုံးဖြတ်ချက် ( ၅ ) ရပ်ချမှတ်ကာ ညနေ ၃း ၅၀ တွင် အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။

မန္တလေးတိုင်းဒေသကြီး လူမှုအထောက်အကူပြုအဖွဲ့ အစည်းအဝေးကျင်းပ



10.3.2014
                   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး လူမှုအထောက်အကူပြုအဖွဲ့အစည်း အဝေးအား ယနေ့နံနက် ၁၀း ၀၀ တွင် တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ရုံးခမ်းတွင် ကျင်းပခဲ့ပါသည် ။ ၎င်းအစည်းအဝေးတွင် လူမှုအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး မှ အဖွင့်အမှာစကားပြောကြား ခဲ့ ပါသည် ။ တိုင်းလူမှုအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ဒေါ်ဝင်းမြမြမှ လူမှုအထောက်အကူပြုအဖွဲ့၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများ နှင့် ရှေ့လုပ်ငန်းစဉ်များရှင်းလင်း ပြောကြားခဲ့ပါသည် ။ တက်ရောက်လာသူများမှ ၀ိုငးဝန်းအကြံပြု ဆွေးနွေးကြပြီး ဆုံးဖြတ်ချက် (   ) ရပ်ချမှတ်ကာ နေ့ ( ၁၁း ၃၀  )နာရီတွင်အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည် ။

Wednesday, March 5, 2014

မန္တလေးတိုင်းဒေသကြီး ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား နှင့် မဟာအတာသင်္ကြန် ဆင်နွှဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ



5.3.2014
                   ယနေ့လည် ၁း ၁၅ တွင် မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ မန္တလေး ခရိုင် အလုပ်အမှုဆောင်အဖွဲ့၊ ခရိုင်အတွင်းရှိ မြို့နယ် ( ၇ ) မြို့နယ်မှ အလုပ်အမှုဆောင်အဖွဲ့များနှင့် တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့တို့ ညှိနှိုင်း အစည်းအဝေးတရပ်ကျင်းပခဲ့ပါသည် ။၎င်း အစည်းအဝေးမှ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်သော ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီးမှ မဟာအတာသင်္ကြန် ပါဝင်ဆင်နွဲနိုင်ရေးအတွက် ဆွေး နွေးခဲ့ကြပါသည် ။ မဟာအတာသင်္ကြန် ပါဝင်ဆင်နွှဲနိုင်ရေး ဦးစီးကော်မတီ အားအောင်မြင်စွာဖွဲ့စည်းခဲ့ပါသည် ။ ၎င်းနောက် အစည်းအဝေးအား ၂း ၃၀ တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပြီး မဟာအတာသင်္ကြန် ပါဝင်ဆင်နွှဲနိုင်ရေး ဦးစီးကော်မတီ အစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ပါသည် ။ မဟာအတာသင်္ကြန် ပါဝင်ဆင်နွှဲနိုင်ရေး ဦးစီးကော်မတီ အစည်းအဝေးမှ ဥက္ကဋ္ဌ အဖြစ် Dr စိုင်းလှသိန်း ( မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ) အား၎င်း၊ အတွင်းရေးမှူးအဖြစ် ဦးသန်းထွနးဦး ( မန္တလေးတိုင်းဒေသကြီး လူငယ်ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး ) အား၎င်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးစစ်အေး ( ချမ်းမြသာစည် မြို့နယ် အုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ) အား၎င်း၊ ပြန်ကြားရေး အဖြစ် ဦးစိန်လှအောင် ( မန္တလေးခရိုင် အလုပ်အမှုဆောင်အဖွဲ့ သတင်းပြန်ကြားတာဝန်ခံ ) အား၎င်း၊ ထောက်ပံ့ ပို့ဆောင်ရေးတာဝန်ခံအဖြစ် ဦးတင့်ဆွေ ( မန္တလေးခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင် ) အား၎င်း၊ လုံခြုံရေးတာဝန်ခံအဖြစ် ဦးကိုကိုလေး ( မန္တလေးခရိုင် အလုပ်အမှုဆောင်အဖွဲ့ ဒု ဥက္ကဋ္ဌ ) အား၎င်း၊ ဖျော်ဖြေရေး တာဝန်ခံအဖြစ် ဦးမျိုးထွန်းဦး ( ချမ်းအေးသာစံ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ) အား၎င်း၊ ကားအလှပြင်ဆင်ရေးတာဝန်ခ့အဖြစ် ဦးကျော်ဟန် ( ချမ်းအေးသာစံ မြို့နယ်လူငယ်ညီလာခ့ကျင်းပ ရေး ကော်မရှင် ဥက္ကဋ္ဌ ) အား၎င်း၊ စာရင်းစစ်တာဝန်ခံအဖြစ် Dr ကျော်ဇေယျ ( ပြည်ကြီးတံခွန် မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ) နှင့် ဦးနေလင်း ( အောင်မြေသာစံ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ) တို့အား၎င်း၊ ကျန်းမာရေးတာဝန်ခံအဖြစ် Dr သက်ပိုင်စိုး ( မန္တလေးတိုင်းဒေသကြီး အလုပ်အမှု ဆောင်အဖွဲ့ ဘဏ္ဍာရေးမှူး ) အား၎င်း၊ အမျိုးသမီးအုပ်ချုပ်ရေး တာဝန်ခံအဖြစ် ဒေါ်နန်းစံမွန်း ( မန္တလေး တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် ) အား၎င်း တာဝန်များခွဲဝေပေးအပ်ခဲ့ကြပါသည် ။