Wednesday, March 5, 2014

မန္တလေးတိုင်းဒေသကြီး ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား နှင့် မဟာအတာသင်္ကြန် ဆင်နွှဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ



5.3.2014
                   ယနေ့လည် ၁း ၁၅ တွင် မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ မန္တလေး ခရိုင် အလုပ်အမှုဆောင်အဖွဲ့၊ ခရိုင်အတွင်းရှိ မြို့နယ် ( ၇ ) မြို့နယ်မှ အလုပ်အမှုဆောင်အဖွဲ့များနှင့် တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့တို့ ညှိနှိုင်း အစည်းအဝေးတရပ်ကျင်းပခဲ့ပါသည် ။၎င်း အစည်းအဝေးမှ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်သော ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီးမှ မဟာအတာသင်္ကြန် ပါဝင်ဆင်နွဲနိုင်ရေးအတွက် ဆွေး နွေးခဲ့ကြပါသည် ။ မဟာအတာသင်္ကြန် ပါဝင်ဆင်နွှဲနိုင်ရေး ဦးစီးကော်မတီ အားအောင်မြင်စွာဖွဲ့စည်းခဲ့ပါသည် ။ ၎င်းနောက် အစည်းအဝေးအား ၂း ၃၀ တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပြီး မဟာအတာသင်္ကြန် ပါဝင်ဆင်နွှဲနိုင်ရေး ဦးစီးကော်မတီ အစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ပါသည် ။ မဟာအတာသင်္ကြန် ပါဝင်ဆင်နွှဲနိုင်ရေး ဦးစီးကော်မတီ အစည်းအဝေးမှ ဥက္ကဋ္ဌ အဖြစ် Dr စိုင်းလှသိန်း ( မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ) အား၎င်း၊ အတွင်းရေးမှူးအဖြစ် ဦးသန်းထွနးဦး ( မန္တလေးတိုင်းဒေသကြီး လူငယ်ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး ) အား၎င်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးစစ်အေး ( ချမ်းမြသာစည် မြို့နယ် အုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ) အား၎င်း၊ ပြန်ကြားရေး အဖြစ် ဦးစိန်လှအောင် ( မန္တလေးခရိုင် အလုပ်အမှုဆောင်အဖွဲ့ သတင်းပြန်ကြားတာဝန်ခံ ) အား၎င်း၊ ထောက်ပံ့ ပို့ဆောင်ရေးတာဝန်ခံအဖြစ် ဦးတင့်ဆွေ ( မန္တလေးခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင် ) အား၎င်း၊ လုံခြုံရေးတာဝန်ခံအဖြစ် ဦးကိုကိုလေး ( မန္တလေးခရိုင် အလုပ်အမှုဆောင်အဖွဲ့ ဒု ဥက္ကဋ္ဌ ) အား၎င်း၊ ဖျော်ဖြေရေး တာဝန်ခံအဖြစ် ဦးမျိုးထွန်းဦး ( ချမ်းအေးသာစံ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ) အား၎င်း၊ ကားအလှပြင်ဆင်ရေးတာဝန်ခ့အဖြစ် ဦးကျော်ဟန် ( ချမ်းအေးသာစံ မြို့နယ်လူငယ်ညီလာခ့ကျင်းပ ရေး ကော်မရှင် ဥက္ကဋ္ဌ ) အား၎င်း၊ စာရင်းစစ်တာဝန်ခံအဖြစ် Dr ကျော်ဇေယျ ( ပြည်ကြီးတံခွန် မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ) နှင့် ဦးနေလင်း ( အောင်မြေသာစံ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ) တို့အား၎င်း၊ ကျန်းမာရေးတာဝန်ခံအဖြစ် Dr သက်ပိုင်စိုး ( မန္တလေးတိုင်းဒေသကြီး အလုပ်အမှု ဆောင်အဖွဲ့ ဘဏ္ဍာရေးမှူး ) အား၎င်း၊ အမျိုးသမီးအုပ်ချုပ်ရေး တာဝန်ခံအဖြစ် ဒေါ်နန်းစံမွန်း ( မန္တလေး တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် ) အား၎င်း တာဝန်များခွဲဝေပေးအပ်ခဲ့ကြပါသည် ။

No comments:

Post a Comment