Thursday, March 27, 2014

မန္တလေးတိုင်းဒေသကြီး အဖွဲ့ချုပ်ရုံးခန်းမဆောင်တွင် ( ၆၉ ) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပ



27.3.2014
နံနက် ၁၀း ၁၅ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး အစည်းအဝေးခမ်းမဆောင်တွင် ( ၆၉ ) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပခဲ့ပါသည် ။ ၎င်း အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် ဒေါ်နန်းစံမွန်းမှဆောင်ရွက်ခဲ့ပြီး တိုင်းအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည် ။ ၎င်းနောက် တက်ရောက်လာသည့် ခရိုင်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များမှ သ၀ဏ်လွှာများ ဖတ်ကြားကြပါသည် ။ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် စာရေးဆရာ ညိုထွန်းလူမှ အနီးဆုံးရန်သူကို ရှာတိုက်ကြ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည် ။ဆရာညိုထွန်းလူအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီးနောက် နေ့လည် ၁း ၀၀ နာရီတွင် ( ၆၉ )နှစ်မြောက်တော်လှန်ရေးနေ့ အခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့ပါသည် ။

No comments:

Post a Comment